၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်း ၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်လာပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများလည်း တရိပ်ရိပ် မြင့်တက်နေသော်လည်း အခြေခံလုပ်သားများ၏ တရားဝင်သတ်မှတ်လုပ်ခလစာမှာ ၇,၅၀၀ ကျပ်တွင်သာ ရှိနေဆဲဖြစ်သည်။ စက်သုံးဆီဈေးနှုန်းမှာ တစ်ပတ်အတွင်း ဓာတ်ဆီ ၃၅ ကျပ်ခန့် တက်လာသလို၊ စားအုန်းဆီရည်ညွှန်းဈေးမှာလည်း ၆,၁၅၀ ကျပ်အထိ မြင့်တက်လာကာ ပြင်ပဈေးကွက်တွင် တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်ကျော်အထိ ပေါက်ဈေးရှိနေသည်။ ထို့အပြင် ဆန်ဈေး၊ အသားငါးဈေးနှင့် ဆေးဝါးဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေခြင်းကြောင့် စက်ရုံအလုပ်သမားများက တစ်နေ့တာလုပ်အားခကို ၂၀,၀၀၀ ကျပ်အထိ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်လာကြကြောင်း မြန်မာအလုပ်သမားသတင်း၏ အစီရင်ခံချက်အရ သိရှိရပါသည်။
Jan 26 • 4:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


