ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ ဖြူးမြို့နယ်အပိုင် မိုင်တိုင်အမှတ် (၁၄၄/၄) နှင့် (၁၄၄/၅) ကြားတွင် ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က HARRIER အမျိုးအစား အနက်ရောင်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား ပွတ်တိုက်မိရာမှတစ်ဆင့် လမ်းဘေးရှိ ထန်းပင်နှင့် ဘယ်ရီယာတုံးများကို တိုက်မိကာ ပက်လက်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၃ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး အခြားတစ်ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သဖြင့် (၁၁၅) မိုင်အမြန်လမ်းမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကာ ဒဏ်ရာရရှိသူများကို ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
Jan 26 • 3:58 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


