back

တရုတ်တိုင်ပေ ၁၀၁ ကို ကြိုးမပါဘဲ တွယ်တက်မည့်အစီအစဉ် အဲလက်ဟွန်နိုး ဆိုင်းငံ့

Jan 25 • 8:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်တိုင်ပေ ၁၀၁ ကို ကြိုးမပါဘဲ တွယ်တက်မည့်အစီအစဉ် အဲလက်ဟွန်နိုး ဆိုင်းငံ့

တရုတ်(တိုင်ပေ)ကျွန်း တိုင်ပေမြို့တော်ရှိတိုင်ပေ ၁၀၁ မိုးမျှော်အဆောက်အအုံအား အမေရိကန်တောင်တက်သမား အဲလက်စ်ဟွန်နိုးက ကြိုးမပါဘဲ အလွတ်တွယ်တက်ပြမည့် အစီအစဉ်ကိုရာသီဥတ...

တရုတ်(တိုင်ပေ)ကျွန်း တိုင်ပေမြို့တော်ရှိတိုင်ပေ ၁၀၁ မိုးမျှော်အဆောက်အအုံအား အမေရိကန်တောင်တက်သမား အဲလက်စ်ဟွန်နိုးက ကြိုးမပါဘဲ အလွတ်တွယ်တက်ပြမည့် အစီအစဉ်ကိုရာသီဥတု ဆိုးရွားမှုကြောင့် ဆိုင်းငံ့ထားကြောင်းဇန်နဝါရီ ၂၄ ရက် သတင်းများတွင် ရေးသားတင်ပြ

ထားသည်။အဲလက်စ်ဟွန်နိုးသည် ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းတွင် တိုင်ပေ ၁၀၁ မိုးမျှော်အဆောက်အအုံကို ကြိုးမပါဘဲ အလွတ်တွယ်တက်ရန် စီစဉ်ထားခြင်းဖြစ်သည်။တိုင်ပေ ၁၀၁ အဆောက်အအုံဝန်းကျင် နယ်မြေ၏ ရာသီဥတု အခြေအနေကြောင့်ယင်းအဆောက်အအုံပေါ်သို့ အဲလက်ဟွန်နိုးတက်ရောက်မည့် အစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက်နက်ဖလစ်ရုပ်ရှင်ကုမ္ပဏီက သတင်းထုတ်ပြန်ထား

သည်။နက်ဖလစ်ရုပ်ရှင်ကုမ္ပဏီသည် တိုင်ပေ ၁၀၁အဆောက်အအုံပေါ်သို့ အဲလက်စ်ဟွန်နိုး ကြိုးမပါဘဲ အလွတ်တွယ်တက်မှုကို တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်။တိုင်ပေ ၁၀၁ သည် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံများထဲတွင် ပါဝင်ပြီး အမြင့် ၅၀၈ မီတာ(၁၆၆၇ ပေ)အထိရှိကြောင်း သိရသည်။အဆိုပါအဆောက်အအုံကို ပင့်ကူလူသားအဖြစ် ထင်ရှားသော ပြင်သစ်လူစွန့်စား အလိန်းရောဘတ်က ၂၀၀၄ ခုနှစ်တွင် လုံခြုံရေးကြိုးအကူအညီဖြင့် တက်ရောက်ခဲ့ဖူးသည်။လက်ရှိကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံမှာယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ဘာ့ဂ်ျခါလီဖာ အဆောက်

အအုံဖြစ်သည်။

news-view-count-icon

34