ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ ရပ်ကွက် ၂၀ မှ ဆန္ဒမဲပေးခွင့်ရှိသူ ၈၉,၄၃၁ ဦးအတွက် မဲရုံပေါင်း ၅၇ ရုံ ဖွင့်လှစ်ပေးထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲရုံတစ်ရုံလျှင် လူဦးရေ ၁,၀၀၀ မှ ၂,၀၀၀ ဝန်းကျင်အထိ စနစ်တကျ မဲပေးနိုင်ရန် စီစဉ်ထားပြီး မဲဆန္ဒရှင်ပြည်သူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များဖြင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးလျက်ရှိကြောင်း မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောကြားခဲ့သည်။ ယနေ့ကျင်းပနေသည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် တာမွေမြို့နယ်အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ မဲဆန္ဒရှင်များက မိမိတို့၏ နိုင်ငံသားတာဝန်ကို နံနက် ၆ နာရီမှစတင်ကာ တက်ကြွစွာ ထမ်းဆောင်နေကြပြီဖြစ်ပါသည်။
| 16 | 0 | 0 | 0 |


