မြန်မာလိဂ်ဝမ်းကလပ် ရာမညယူနိုက်တက်အသင်း
ဟာ ဒုတိယအကျော့ပွဲစဉ်များအတွက် အားဖြည့်မှု
တစ်ခုအဖြစ် အိန္ဒိယနိုင်ငံသား Joseph Naik ကို
အသင်း၏ လက်ထောက်နည်းပြရာထူးဖြင့်
ခေါ်ယူလိုက်ကြောင်း သိရှိရပါတယ် ။အသက် ( ၃၄ ) နှစ်အရွယ်ရှိ နည်းပြ Naik ဟာ AFC " A " license ရထားသည့် နည်းပြတစ်ဦးဖြစ်ပြီး အိန္ဒိယနှင့် ဘူတန်ဘောလုံးရပ်ဝန်းများတွင်နည်းစနစ်ဒါရိုက်တာ ၊ နည်းပြချုပ် ၊ လက်ထောက်နည်းပြများအဖြစ် တာဝန်ယူခဲ့ဖူးသူ တစ်ဦးလည်းဖြစ်ပါတယ် ။ရာမညယူနိုက်တက်အသင်းဟာ ယနေ့နံနက်ပိုင်းမှာ
မြန်မာယူ ( ၁၉ ) အသင်းနှင့် လေ့ကျင့်ရေးခြေစမ်းပွဲကစားခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ် ။



