တရုတ်နိုင်ငံ၏ ရာထူးအမြင့်ဆုံး စစ်တပ်ဗိုလ်ချုပ်ကြီးတစ်ဦးကို စည်းကမ်းနှင့် ဥပဒေ ပြင်းထန်စွာ ချိုးဖောက်မှုများဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။တရုတ်သမ္မတ ရှီကျင်းပင်၏ အရင်းနှီးဆုံး စစ်ဘက်မဟာမိတ်အဖြစ် လူသိများသည့် ဗိုလ်ချုပ်ကြီး ကျန်းယို့ရှာအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။တရုတ်နိုင်ငံတွင် အမှားအယွင်းပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်သည် ပုံမှန်အားဖြင့် အဂတိလိုက်စားမှုကို ရည်ညွှန်းသည့် သွယ်ဝိုက်သော အသုံးအနှုန်းဖြစ်သည်။



