အီတလီနှင့်ဂျာမနီတို့သည် ၎င်းတို့၏စီးပွားရေးလုပ် ငန်းများအတွက် အလွန်အရေးပါသော ကုန်ကြမ်း ပစ္စည်းများဆိုင်ရာ ဖြည့်ဆည်းမှုကွင်းဆက်များအာမခံချက်ရှိရေးအတွက် အတူလက်တွဲလုပ်ဆောင် ရန် ကတိပြုခဲ့ကြသည်ဟု ရိုက်တာသတင်းဌာနကမြင့်တွေ့ခဲ့ရသော စာရွက်စာတမ်းတခုအရသိရသည်။
ကမ္ဘာလုံးဆိုင်ရာ ဈေးနှုန်းများအပေါ် တရုတ်၏ သြဇာလွှမ်းမိုးမှုကြီးထွား လာနေမှုအဖြစ် ရှုမြင်ထားသော အရာကို တန်ပြန်ရန် လုပ်ဖော်ကိုင်ဘက်များအား အီတလီက တိုက်တွန်းထားသည်။G7 နှင့်အခြားစီးပွားရေးအင်အားကြီးနိုင်ငံများသည် ဖြစ်နိုင်ဖွယ်ရှိသော ကြမ်းခင်းဈေးနှုန်းတစ်ရပ် သတ် မှတ်ရေးနှင့် အခြားထောက်ပံ့ရေးအရင်းအမြစ်များပေါ်ထွက်လာစေရန် မိတ်ဘက်အသစ်များ ဖော်ဆောင် ရေးတို့ အပါအဝင် တရုတ်၏ မြေရှားသတ္တုအပေါ် မှီခိုနေမှုကိုလျှော့ချရန် နည်းလမ်းများကိုဆွေးနွေးကြေသည်။ အဆိုပါစာရွက်စာတမ်းကို အီတလီဝန်ကြီးချုပ်ဂျော်ဂျီယာမဲလ်လိုနီနှင့် ဂျာမန်ဝန်ကြီးချုပ်ဖရက်ဒရစ် မာ့ဇ် တို့တက်ရောက်သော ရောမမြို့တွင်ပြုလုပ်သည့် အစိုးချင်းထိပ်သီးအစည်းအဝေးတစ်ရပ်၏တစ်စိတ်တစ်ပိုင်း အဖြစ်မူကြမ်းရေးဆွဲထားခြင်းဖြစ်သည်။သတ္တုများသည် ကာကွယ်ရေးနည်းပညာများ၊ဆီမီးကွန်ဒပ်တာများ ၊ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အစိတ် အပိုင်းများ၊ဘတ္ထရီများနှင့် ပြန်လည်သန့်စင်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်အရေးပါနေပေသည်။ ယခုလအစောပိုင်းက တရုတ်နိုင်ငံသည် ဂျပန်စစ်ဘက်အတွက်ရည်ရွယ်သည့် အရေးကြီးသည့် သတ္တု တချို့အပါအဝင် အရပ်ဘက်ကော၊စစ်ဘက်ပါအသုံးပြုနိုင်သည့် ပစ္စည်းများတင်ပို့မှုကို ပိတ်ပင်တား ဆီးခဲ့သည်။
စာရွက်စာတမ်းတွင် အီတလီနှင့်ဂျာမနီတို့က စီးပွားရေးလုံခြုံရေးကို အားကောင်းခိုင်မာစေရန် ရည်ရွယ် ၍ မဟာဗျူဟာမြောက်နည်းပညာများနှင့်ကဏ္ဍအလိုက်အသုံးပြုနိုင်သောအရေးပါသည့် ကုန်ကြမ်းပစ္စည်းများ အ တွက် ထောက်ပံ့ဖြည့်ဆည်းရေးကွင်းဆက်တစ်ရပ်ကို အာမခံချက်ရှိစေရန် ပူးပေါင်းဆောင်ရွက်ကြမည်ဟု ပြောခဲ့ကြ သည်။



