အမေရိကန်တိုက်စစ်မှူး ထရီနီတီရော့ဒ်မန်း (Trinity Rodman) သည် ဝါရှင်တန်စပရစ်အသင်းနှင့် သုံးနှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုလိုက်ပြီးနောက် ကမ္ဘာ့လစာအများဆုံး အမျိုးသမီးဘောလုံးသမားအဖြစ် စံချိန်တင်မှတ်တမ်းဝင်သွားခဲ့သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ထရီနီတီသည် စာချုပ်သစ်အရ ဆုကြေးများအပါအဝင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ရရှိမည်ဖြစ်ရာ၊ ယခင်က ဘာစီလိုနာကစားသမား ဘွန်မာတီ တင်ထားသည့် ဒေါ်လာ ၁.၀၇ သန်း စံချိန်ကို ကျော်ဖြတ်ကာ ထိပ်ဆုံးသို့ ရောက်ရှိလာခြင်းဖြစ်သည်။ NBA ဂန္ထဝင်ကစားသမား ဒန်းနစ်ရော့ဒ်မန်း၏ သမီးဖြစ်သူ ထရီနီတီသည် ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း စုစုပေါင်း ဒေါ်လာ ၁.၁ သန်းသာ ရရှိခဲ့သော်လည်း ယခုစာချုပ်သစ်ကြောင့် အမျိုးသမီးဘောလုံးလောက၏ ဈေးကွက်တန်ဖိုးကို တစ်ခေတ်ဆန်းစေခဲ့ကြောင်း သိရှိရပါသည်။
Jan 25 • 4:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


