back

ရှမ်းပြည်နယ်တောင်ပိုင်းထွက် အာရေးဗီးကားကော်ဖီ အထွက်နှုန်းလျော့နည်းသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိနေ

Jan 25 • 4:09 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်းထွက် အာရေးဗီးကားကော်ဖီ အထွက်နှုန်းလျော့နည်းသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံ၊ ပင်လောင်းနှင့် ဟိုပုံးမြို့နယ်တို့မှ ထွက်ရှိသည့် အာရေးဗီးကား (Arabica) ကော်ဖီအမျိုးအစားသည် ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်အထ...

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံ၊ ပင်လောင်းနှင့် ဟိုပုံးမြို့နယ်တို့မှ ထွက်ရှိသည့် အာရေးဗီးကား (Arabica) ကော်ဖီအမျိုးအစားသည် ယခုနှစ်တွင် တစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်အထိ ဈေးကောင်းရရှိနေပြီး ကုန်သည်များက ခြံဖမ်းဝယ်ယူမှုများ ရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်တွင် တစ်ပိဿာ ၇,၀၀၀ ကျပ်သာ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်များကြောင့် ကော်ဖီစိုက်ဧက တစ်ထောင်ကျော် ပျက်စီးကာ အထွက်နှုန်းကျဆင်းသွားခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။ ရှမ်းတောင်ထွက်ကော်ဖီများကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ အဓိကတင်ပို့နေပြီး ကော်ဖီမှုန့်အပြင် လူသုံးကုန်ပစ္စည်းများပါ ထုတ်လုပ်လျက်ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးသည့် ကော်ဖီခြံများအတွက် ပြည်တွင်းပြည်ပ အထောက်အပံ့များ ရပ်ဆိုင်းနေသည်မှာ ၄ နှစ်နီးပါး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

26