back

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်မီးလောင်မှုကြောင့် ပြောင်းရွှေ့ရမည့် ကျောင်းသား ၃၇ ဦးအတွက် အဆောင်သစ်နှင့် လိုအပ်ချက်များ အဆင်သင့်စီစဉ်ပေးထားပြီးဖြစ်ကြောင်း စာပန်းအိမ်မှ ထုတ်ပြန်

Jan 25 • 4:06 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင်မီးလောင်မှုကြောင့် ပြောင်းရွှေ့ရမည့် ကျောင်းသား ၃၇ ဦးအတွက် အဆောင်သစ်နှင့် လိုအပ်ချက်များ အဆင်သင့်စီစဉ်ပေးထားပြီးဖြစ်ကြောင်း စာပန်းအိမ်မှ ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်ကြောင့် နေရာပြောင်းရွှေ့ရမည့် ကျောင်းသား ၃၇ ဦးအတွက် နေထိုင်ရန် အဆောင်သစ်အား စနစ်တကျ ပြင်ဆင်ပ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်ကြောင့် နေရာပြောင်းရွှေ့ရမည့် ကျောင်းသား ၃၇ ဦးအတွက် နေထိုင်ရန် အဆောင်သစ်အား စနစ်တကျ ပြင်ဆင်ပြီးဖြစ်ကြောင်း စာပန်းအိမ်မှ သတင်းထုတ်ပြန်ထားသည်။ တည်ထောင်အုပ်ချုပ်သူ ဒေါက်တာကျော်စောက ကျောင်းသားတစ်ဦးချင်းစီအတွက် လိုအပ်သော တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အိပ်ရာခင်း၊ စောင်၊ မွေ့ယာ၊ အဝတ်အထည်များနှင့် ဖတ်စာအုပ်များကို အရေးပေါ်အစုံအလင် ဖြည့်ဆည်းပေးထားပြီး ဖြစ်သည်။ ကျောင်းသားများ၏ လုံခြုံရေးနှင့် အခြေခံလိုအပ်ချက်များကို အလေးထားစီမံဆောင်ရွက်ထားသဖြင့် အဝေးရောက်ကျောင်းသားမိဘများအနေဖြင့် စိတ်ပူပန်မှုမရှိစေရန်နှင့် ကျောင်းသားများ၏ နေထိုင်မှုအဆင်ပြေစေရန် အစွမ်းကုန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

19