ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်ရာ ဆင်သီဝါရပ်ကွက်အတွင်းသို့ ထိုင်းအာဏာပိုင်များက ဇန်နဝါရီ ၂၄ ရက်အထိ ၅ ရက်ဆက်တိုက် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ အဆိုပါစစ်ဆေးမှုများသည် ထိုင်းမျိုးချစ်အဖွဲ့များ၏ ရိုက်နှက်ရန်ရှာမှုများ ဖြစ်ပွားပြီးနောက်တွင် "ရပ်ရွာလုံခြုံရေး" အကြောင်းပြချက်ဖြင့် နေအိမ်များနှင့် အဆောင်ခန်းများအထိ ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဒေသခံထိုင်းနိုင်ငံသားများက မြန်မာအလုပ်သမားအချို့၏ ဆိုင်ကယ်စီးနင်းမှုပုံစံ၊ လူစုလူဝေးပြုလုပ်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကိစ္စရပ်များအပေါ် မကျေနပ်၍ တိုင်ကြားမှုများရှိခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကျပ်လာခြင်းဖြစ်သည်။ လက်ရှိတွင် အထောက်အထားအပြည့်အစုံရှိသည့် မြန်မာလုပ်သားအချို့ပင်လျှင် ရန်ရှာခံရမည်ကို စိုးရိမ်၍ နေရပ်မှ ခဏတာ တိမ်းရှောင်နေရပြီး၊ အလုပ်သမားအရေးကူညီသူများကလည်း မြန်မာနိုင်ငံသားများအနေဖြင့် အပြင်ထွက်ပါက စာရွက်စာတမ်းများ လက်ဝယ်ထားရှိရန်နှင့် လူစုလူဝေးနေရာများကို ရှောင်ကြဉ်ကာ သတိဖြင့် နေထိုင်ကြရန် တိုက်တွန်းထားပါသည်။
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တဲ့ ဆင်သီဝါရပ်ကွက်ထဲကို ထိုင်းအာဏာပိုင်များဝင်ရောက် စစ်ဆေးဖမ်းဆီး
Jan 25 • 4:04 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


