back

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် လူနေအိမ်မီးလောင်မှုဖြစ်ပွား

Jan 25 • 2:17 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့၊ ကျွဲကူးကျေးရွာတွင် လူနေအိမ်မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ ချမ်းမြေ့သာရီရပ်တွင် ဇန်နဝါရီ ၂၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြော...

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ ချမ်းမြေ့သာရီရပ်တွင် ဇန်နဝါရီ ၂၄ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုသတင်းရရှိသည်နှင့်တစ်ပြိုင်နက် ကျွဲကူးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီးတို့ဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ အချိန်မီသွားရောက်ငြှိမ်းသတ်ခဲ့သဖြင့် ည ၁၁ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

13