ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ ၂ လမ်းနှင့် ၃ လမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။မီးလောင်မှုကြောင့် ၂ လမ်းရှိ နေအိမ် ၄ လုံးနှင့် ကျောချင်းကပ်ဖြစ်သော ၃ လမ်းရှိ နေအိမ် ၃ လုံး၊ စုစုပေါင်း နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ရပ်ကွက်နေသူများက ဆိုသည်။မီးစတင်လောင်ကျွမ်းရသည့် အကြောင်းအရင်းကိုမူ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။



