ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့မှာ စည်ပင်နယ်
နမိတ်အတွင်း ဆောက်လုပ်ထားတဲ့ အဆောက်အဦ နဲ့ အိမ်၊ ဆိုင်ခန်းတွေအပါအဝင် လမ်းပေါ်ကို ထုတ်ထားတဲ့ ဆိုင် အမိုး နဲ့ ဆိုင်းဘုတ်တွေ၊ လမ်းဘေးဆိုင်အားလုံးကိုဇန်နဝါရီ ၂၁ ရက်နေ့ကစပြီး ဖျက်သိမ်းမှုတွေ စတင်လုပ်ကိုင်နေတာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်နေ့အထိ ဖျက်သိမ်းနေဆဲ ဖြစ်ကြောင်း သိရှိရပြီး ပိုင်ရှင်တွေ ဖျက်သိမ်းမှု မရှိတဲ့ အဆောက်အဦ နဲ့ ဆိုင်ခန်း ၊ ဆိုင်းဘုတ် ၊ အမိုးအကာတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုက်လံ ဖျက်သိမ်းနေတယ်လို့ သိရပါတယ်။ စည်ပင်နယ်နမိတ်နဲ့ မလွတ်တဲ့ အဆောက်အဦ နဲ့ ဆိုင်ခန်း ၊ ဆိုင်းဘုတ် ၊ အမိုးအကာတွေကို ဖျက်သိမ်းရာမှာ ရဲတပ်ဖွဲ့ နဲ့ စည်ပင် အပါအဝင် ဌာနဆိုင်ရာအဖွဲ့တွေ လိုက်ပါ ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ခုလို ဖျက်သိမ်းလိုက်ရတဲ့အတွက် လမ်းဘေးစျေးသည်တချို့ ဒုက္ခရောက်ရပြီး ဆိုင်ခန်းတွေဆိုရင်လည်း အဆင်မပြေတော့တဲ့ အတွက် ဆိုင်ခန်းအသစ်ငှားရမ်းမှု လုပ်ဖို့ ပြင်ဆင်နေကြရသလို လမ်းမထက်က စျေးလေးတွေပါ ရောင်းချခွင့် တားမြစ်ပြီး စျေးဆိုင်ခန်းတွေဖျက်သိမ်းတဲ့အတွက် အဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။



