back

Jacob Elordi က James Bond အသစ်ဖြစ်လာဖို့ ရာခိုင်နှုန်းများနေ

Jan 24 • 3:56 AM

breaking-news

မြန်မာ

ပြည်ပ

cover

Jacob Elordi က James Bond အသစ်ဖြစ်လာဖို့ ရာခိုင်နှုန်းများနေ

Frankenstein ရုပ်ရှင်နဲ့လူသိများလာတဲ့ Euphoria သရုပ်ဆောင် Jacob Elordi က Daniel Craig အလွန်မှာ James Bond အသစ်ဖြစ်လာဖို့ ရာခိုင်နှုန်းများနေတယ်လို့ သတင်းတွေကဖော...

Frankenstein ရုပ်ရှင်နဲ့လူသိများလာတဲ့ Euphoria သရုပ်ဆောင် Jacob Elordi က Daniel Craig အလွန်မှာ James Bond အသစ်ဖြစ်လာဖို့ ရာခိုင်နှုန်းများနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။နောက်ဆုံးရသတင်းတွေအရ Jacob Elordi ဟာ ပြီးခဲ့တဲ့နေ့က James Bond ဇာတ်ကောင်နေရာအတွက် James Bond အသစ်ရဲ့ဒါရိုက်တာ Dennis Villeneuve အပါအဝင် ထုတ်လုပ်ရေးဖြစ်တဲ့ Amazon MGM က ထုတ်လုပ်သူတွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ နောက်ဆက်တွဲသတင်းတွေအနေနဲ့ အကယ်၍ Jacob Elordi သာ မဏာမအဆင့်ရွေးချယ်မှုသာပါဝင်ခဲ့ရင် ယခုနှစ်ထဲမှာ Jacob Elordi အနေနဲ့ tuexdo ဝတ်စုံနဲ့ test screening တစ်ခုပြုလုပ်ရဖွယ်ရှိနေတယ်လို့လည်း သိထားရပါသေးတယ်။Incendes, Sicario နဲ့ Dune ဒါရိုက်တာ Dennis Villeneuve ရိုက်ကူးသွားမယ် ၂၆ ကားမြောက် James Bond ရုပ်ရှင်သစ်ကို Peaky Blinders နဲ့ Spartacus ဇာတ်ညွှန်းဆရာ Steven Knights က ဇာတ်လမ်းအပိုင်းကို တာဝန်ယူရေးသားရိုက်ကူးသွားမှာဖြစ်ပါတယ်။Bond 26 ကို ၂၀၂၈ နိုဝင်ဘာလမှာမှ ရုံတင်ပြသနိုင်ချေရှိနေပြီး ၂၀၂၇ ထဲမှာ စတင်ရိုက်ကူးသွားနိုင်ကြောင်း သိရပါသေးတယ်။

news-view-count-icon

45