back

ICJ တွင် ကြားနာနေသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း ဘာသာကြီး(၃)ခုက သဘောထားကြေညာချက်ထုတ်ပြန်

Jan 24 • 3:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ICJ တွင် ကြားနာနေသည် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း ဘာသာကြီး(၃)ခုက သဘောထားကြေညာချက်ထုတ်ပြန်

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ပြုလုပ်နေသည့် ကြားနာမှု ကိုရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် တစ်သားတည်းရပ်တည်နေကြောင်း ဘာ...

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ပြုလုပ်နေသည့် ကြားနာမှု ကိုရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ နှင့် တစ်သားတည်းရပ်တည်နေကြောင်း ဘာသာကြီး (၃)ခု၏ သဘောထားထုတ်ပြန်ချက်အရ သိရသည်။ပိန္နဲကုန်းအာရ်ကာနီဂျာဗေလီကြီး၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် နှင့် သနန္တ ဓမ္မပါလက(ဟိန္ဒူ) အဖွဲ့ချုပ် က သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ICJ  တွင် နိုင်ငံတော်သမ္မရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာ့ကိုယ်စားလှယ်အဖွဲ့  သည် တရားမျှတမှုနှင့် အမှန်တရားဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လည်းသဘောထားကြေညာချက်တွင် ဖော်ပြထားသည်။ နိုင်ငံတော်၏ မူဝါဒ၊သဘောထားများနှင့်အတူး တစ်သားတည်းရပ်တည်လျက် ပြတ်သားစွာဝန်းရံထောက်ခံကြောင်းလည်း သဘေားထားကြေညာချက်တွင် ဖော်ပြထားသည်။အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ ဂုဏ်သရေရှိ တရားသူကြီးများ အနေဖြင့်လည်း မွန်မြတ်သောတရားစီရင်ရေး ကျင့်ဝင်သိက္ခာနှင့်အညီ ဆုံးဖြတ်ပေးမည်ဟု မျှော်လင့်ကြောင့်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

news-view-count-icon

27