back

အာဆီယံပါရာဂိမ်း စီပီဘောလုံးပြိုင်ပွဲမှာ ဖိလစ်ပိုင်ကို ၂၂ဂိုးပြတ်နိုင်ပြီး အုပ်စုကို မြန်မာ ဦးဆောင်

Jan 24 • 1:55 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အာဆီယံပါရာဂိမ်း စီပီဘောလုံးပြိုင်ပွဲမှာ ဖိလစ်ပိုင်ကို ၂၂ဂိုးပြတ်နိုင်ပြီး အုပ်စုကို မြန်မာ ဦးဆောင်

ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံပါရာဂိမ်း စီပီ တစ်ဖက် ခုနှစ်ယောက်ဘောလုံးပြိုင်ပွဲမှာ မြန်မာမသန်စွမ်းစီပီ ဘောလုံးအသင်းက အုပ်စု တတိယပွဲမှာ ဖိလစ်ပိုင်ကို...

ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ အာဆီယံပါရာဂိမ်း စီပီ တစ်ဖက် ခုနှစ်ယောက်ဘောလုံးပြိုင်ပွဲမှာ မြန်မာမသန်စွမ်းစီပီ ဘောလုံးအသင်းက အုပ်စု တတိယပွဲမှာ ဖိလစ်ပိုင်ကို ၂၂-၀ ဂိုးနဲ့နိုင်ပြီး အုပ်စုကို ဦးဆောင်နေပါတယ်။ မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ အိမ်ရှင်ထိုင်းနဲ့ နှစ်ဂိုးစီသရေ၊ ဒုတိယပွဲမှာ မလေးရှားကို ၄-၁ဂိုး၊ တတိယပွဲမှာ ဖိလစ်ပိုင်ကို ၂၂-၀ဂိုးတွေနဲ့အနိုင်ရထားပြီး သုံးပွဲကစား၊ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ရမှတ် ခုနှစ်မှတ်နဲ့ အုပ်စုကို ဦးဆောင်နေတာလည်းဖြစ်ပါတယ်။

အာဆီယံပါရာဂိမ်း စီပီဘောလုံးပြိုင်ပွဲကို အိမ်ရှင်ထိုင်း၊ မြန်မာ၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်နေပြီး အုပ်စုထိပ်ဆုံး နှစ်သင်း ဗိုလ်လုပွဲကစားရမှာဖြစ်လို့ မြန်မာအသင်းအနေနဲ့ အုပ်စု နောက်ဆုံးပွဲမှာ အင်ဒိုကို သရေကစားနိုင်ရုံနဲ့ ဗိုလ်လုပွဲ တက်နိုင်မှာ ဖြစ်ပါတယ်။


news-view-count-icon

36