back

မော်လမြိုင်တွင် မီတာစာရွက်များ နောက်ကျမှရရှိသဖြင့် ဒေသခံများ ဒဏ်ကြေးပေးဆောင်နေရ

Jan 23 • 9:03 AM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင်တွင် မီတာစာရွက်များ နောက်ကျမှရရှိသဖြင့် ဒေသခံများ ဒဏ်ကြေးပေးဆောင်နေရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပန်းပဲတန်းရပ်ကွက်အပါအဝင် ရပ်ကွက်အချို့တွင် လျှပ်စစ်မီတာစာရွက်များမှာ ငွေသွင်းရန် နောက်ဆုံးသတ်မှတ်ရက်ရောက်မှသာ လက်ဝယ်သို့ရောက...


မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ပန်းပဲတန်းရပ်ကွက်အပါအဝင် ရပ်ကွက်အချို့တွင် လျှပ်စစ်မီတာစာရွက်များမှာ ငွေသွင်းရန် နောက်ဆုံးသတ်မှတ်ရက်ရောက်မှသာ လက်ဝယ်သို့ရောက်ရှိလာသဖြင့် ဒေသခံပြည်သူများ ဒဏ်ကြေးငွေပေးဆောင်နေရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ မီတာစာရွက်ပေးပို့မှု နောက်ကျခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ကြေးကိစ္စအား ကောက်ခံသူများထံ တင်ပြသော်လည်း တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ ဒဏ်ကြေးငွေကိုသာ မဖြစ်မနေကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။ အဆိုပါပြဿနာမှာ ကြာမြင့်နေပြီဖြစ်သော်လည်း သက်ဆိုင်ရာ လျှပ်စစ်ဌာနတာဝန်ရှိသူများက တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။

news-view-count-icon

43