back

ရန်ကုန်ရွှေတိဂုံစေတီတော်၌ မြန်မာ့ရိုးရာထမနဲပွဲတော် ကျင်းပမည်ဖြစ်ကာ ထမနဲစတုဒိသာလှူနိုင်

Jan 23 • 8:38 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်ရွှေတိဂုံစေတီတော်၌ မြန်မာ့ရိုးရာထမနဲပွဲတော် ကျင်းပမည်ဖြစ်ကာ ထမနဲစတုဒိသာလှူနိုင်

ရန်ကုန်၊ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မြန်မာ့ရိုးရာ ထမနဲပွဲတော်ကြီးကို လာမယ့်ဇန်နဝါရီလ (၃၁)ရက်မှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။လေးဆူဓါတ်ပုံရွှေတိဂုံမှာ (၁၈)ကြိမ...

ရန်ကုန်၊ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ မြန်မာ့ရိုးရာ ထမနဲပွဲတော်ကြီးကို လာမယ့်ဇန်နဝါရီလ (၃၁)ရက်မှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။လေးဆူဓါတ်ပုံရွှေတိဂုံမှာ (၁၈)ကြိမ်မြောက်မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပသွားမှာဖြစ်ပြီး ဗုဒ္ဓဝေယာဝစ္စအသင်းတွေ၊ဂေါပကအဖွဲ့ရုံးဌာနအသင်းတွေ၊မိတ်ဖက်အသင်းတွေစုစုပေါင်း (၃၆)သင်းပါဝင်ယှဉ်ပြိုင်သွားကြမှာဖြစ်တယ်လို့ဆိုပါတယ်။ထမနဲထိုးပြိုင်ပွဲမှရရှိလာတဲ့ ထမနဲတွေကို ထမနဲဆွမ်းတော်ကြီးကပ်လှူခြင်း၊ သြဝါဒပါတိမောက်နေ့အခမ်းအနားကျင်းပပြီး သံဃာတော်(၆၄)ပါးကို ထမနဲဆွမ်းတော်ကြီး လောင်းလှူခြင်း၊ ရေစက်ချအမျှပေးဝေခြင်းတွေ ကျင်းပသွားဖို့ရှိပါတယ်။ထမနဲအလှူရှင်တွေအနေနဲ့ ထမနဲဒယ်တစ်ဒယ်လျှင် တစ်သိန်းကျပ်နဲ့ ပါဝင်ကုသိုလ်ပြုနိုင်ပြီး ထမနဲလက်ဆောင်တွေပေးဝေတာ၊ဘုရားဖူးတွေကို လှူဒါန်းပေးတာတွေဆောင်ရွက် ပေးသွားမယ်လို့သိရပါတယ်။


news-view-count-icon

26