ရုရှားနိုင်ငံ ကနေ မြန်မာနိုင်ငံ ကို နေကြာဆီ တန်ချိန် ၂၅၀ ကျော် လွှဲပြောင်းပေးခဲ့တယ်လို့ ဇန်နဝါရီ ၂၃ ရက်မှာ ရုရှားသံရုံးကပြောထားပါတယ်။ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကတစ်ဆင့် ရန်ကုန်မြို့ ကို ဗီတာမင် A နဲ့ D ဖြည့်နေကြာဆီ တန်ချိန် ၂၅၀ ကျော်ကို ရုရှားနိုင်ငံ ကနေ လူသားချင်းစာနာမှုအကူအညီတွေ ထပ်မံပို့ဆောင်ရောက်လာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ရုရှားသံရုံးဝန်ထမ်းတွေဟာ ရန်ကုန်မြို့ရှိ WFP သိုလှောင်ရုံကို သွားရောက်ပြီး မြန်မာနိုင်ငံ ရဲ့ ဒေသ တွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီ တွေ ဖြန့်ဝေပေးမယ့် အစီအစဉ်နဲ့လမ်းကြောင်း တွေ ကို ဆွေးနွေးခဲ့ကြတယ်လို့လည်း " သံရုံးကပြောကြားထားပါတယ် ရုရှားဘက်ကနေ မြန်မာနိုင်ငံကို ကူညီပံ့ပိုးဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောပါတယ်။နှစ်ဦးနှစ်ဖက်အပြန်အလှန်အနေနဲ့ လည်းကောင်း သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်း တွေ က တစ်ဆင့် အနေနဲ့ လည်းကောင်း အကူအညီတွေပေးသွားမယ်လို့သိရှိရပါတယ်။



