back

မန္တလေးတိုင်း၊မိတ္တီလာတွင် အရက်ကြောင်နေသည့် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

Jan 23 • 7:23 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊မိတ္တီလာတွင် အရက်ကြောင်နေသည့် အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်

မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ သာယာကုန်း (၂) ရပ်ကွက်တွင် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက အသက် ၄၀ ဝန်းကျင်ရှိ ဦးသန်းထွန်းနိုင်ဆိုသူသည် အရက်ကြောင်သည့်ဝေဒနာ ခံစားရပြီး...

မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ သာယာကုန်း (၂) ရပ်ကွက်တွင် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက အသက် ၄၀ ဝန်းကျင်ရှိ ဦးသန်းထွန်းနိုင်ဆိုသူသည် အရက်ကြောင်သည့်ဝေဒနာ ခံစားရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်းသည် မသေဆုံးမီတွင် မိမိ၏ လက်ကောက်ဝတ်များကို ဓား၊ ကတ်ကြေးများဖြင့် ဖြတ်လှီးဒဏ်ရာပေးခဲ့ပြီးနောက် နေအိမ်ထုတ်တန်းတွင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချကာ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ သေဆုံးသူမှာ အရက်သောက်စားခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ်ကာ အရက်ကြောင်သည့် လက္ခဏာများ ပြသနေသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း သိရပြီး၊ ၎င်း၏ ရုပ်အလောင်းကို ပရဟိတအသင်းများ၏ ကူညီမှုဖြင့် မိတ္တီလာဆေးရုံသို့ ပို့ဆောင်ကာ ဇန်နဝါရီ ၂၂ ရက်တွင် သင်္ဂြိုဟ်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

news-view-count-icon

27