back

TikTok အား အမေရိကန်ကုမ္ပဏီများသို့ ရောင်းချရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုး

Jan 23 • 7:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

TikTok အား အမေရိကန်ကုမ္ပဏီများသို့ ရောင်းချရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုး

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် TikTok အား အမေရိကန်ကုမ္ပဏီများသို့ ရောင်းချရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Semafor သတင်းဝက်ဘ်ဆိုက်က ဖော်...

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် TikTok အား အမေရိကန်ကုမ္ပဏီများသို့ ရောင်းချရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Semafor သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။အဆိုပါ သဘောတူညီချက်ကို ယခုသီတင်းပတ်အတွင်း အပြီးသတ်မည်ဖြစ်ပြီး၊ ၎င်းသည် Oracle နှင့် Silver Lake ကုမ္ပဏီတို့ ဦးဆောင်သော အမေရိကန်ရင်းနှီးမြှုပ်နှံသူများအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။သဘောတူညီချက်၏ အဓိကအချက်များအရ TikTok ကို တည်ထောင်ခဲ့သည့် တရုတ်ကုမ္ပဏီ ByteDance သည် လုပ်ငန်း၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကိုသာ ဆက်လက်ပိုင်ဆိုင်တော့မည်ဖြစ်ပြီး အမေရိကန်အခြေစိုက် Oracle၊ Silver Lake နှင့် ယူအေအီးအခြေစိုက် MGX တို့က ရှယ်ယာ ၁၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မည်ဖြစ်သည်။ ကျန်ရှိသော ရှယ်ယာများကိုမူ အမေရိကန်မှ Susquehanna၊ Dragoneer၊ DFO ကုမ္ပဏီ နှင့် Dell ကုမ္ပဏီဥက္ကဋ္ဌ မိုက်ကယ်ဒဲလ်(Michael Dell) ၏ မိသားစုပိုင် လုပ်ငန်းများက ခွဲဝေပိုင်ဆိုင်ကြမည်ဖြစ်သည်။အသစ်ဖွဲ့စည်းလိုက်သော အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများက အချက်အလက်ကာကွယ်ရေး(Data protection) နှင့် မီဒီယာအကြောင်းအရာများ စိစစ်ထိန်းညှိခြင်း(Content moderation) တို့ကို တာဝန်ယူမည်ဖြစ်သည်။TikTok သည် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် အမေရိကန်၌ ဒေါင်းလုဒ်အများဆုံးအက်ပ်ဖြစ်ခဲ့ပြီး လက်ရှိတွင် အမေရိကန်လူဦးရေ၏ တစ်ဝက်ခန့်ဖြစ်သော လူပေါင်း သန်း ၁၇၀ခန့်က အသုံးပြုလျက်ရှိသည်။


news-view-count-icon

25