back

မန္တလေးမြို့တောင်ဘက်ခြမ်း၌ မီးခိုးပြာကဲ့သို့သောအမှုန်အမွှားများ ခံစားလာရဟုဆို

Jan 23 • 5:23 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့တောင်ဘက်ခြမ်း၌ မီးခိုးပြာကဲ့သို့သောအမှုန်အမွှားများ ခံစားလာရဟုဆို

မီးခိုးပြာကဲ့သို့သောအမှုန်အမွှားများကို လမ်းသွားရင်း မန္တလေးမြို့တောင်ဘက်ခြမ်း ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်အတွင်းရှိနေရာအချို့၌ ကြုံတွေ့ခံစားလာရကြောင်း ဒေ...

မီးခိုးပြာကဲ့သို့သောအမှုန်အမွှားများကို လမ်းသွားရင်း မန္တလေးမြို့တောင်ဘက်ခြမ်း ပြည်ကြီးတံခွန်နှင့် အမရပူရမြို့နယ်အတွင်းရှိနေရာအချို့၌ ကြုံတွေ့ခံစားလာရကြောင်း ဒေသခံများမှသိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှစ၍ အဆိုပါမီးခိုးပြာကဲ့သို့သောအမှုန်အမွှားများကို လမ်းသွားရင်း မြင်တွေ့သိရှိခံစားလာရခြင်းဖြစ်ပြီး အထူးသဖြင့် ညနေခင်းအချိန်များတွင် ပိုမိုသိရှိခံစားရကြောင်း ၎င်းတို့က ဆိုသည်။ဒေသအချို့တွင်ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုအခြေအနေများကြောင့် ဒေသခံများဘက်က စိုးရိမ်မကင်း ဖြစ်နေကြပြီး သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ပေးရန်မျှော်လင့်နေကြသည်။

news-view-count-icon

104