back

ရုရှားက H5N1 ငှက်တုပ်ကွေးကာကွယ်ဆေးအသစ်ကိုထုတ်လုပ်နေ

Jan 23 • 4:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားက H5N1 ငှက်တုပ်ကွေးကာကွယ်ဆေးအသစ်ကိုထုတ်လုပ်နေ

ရုရှားသိပ္ပံပညာရှင်များသည် အလွန်ပြင်းထန်သော အိတ်ချ်၅အန်၁(H5N1) ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးမျိုးစိတ်သစ်တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း ရု...

ရုရှားသိပ္ပံပညာရှင်များသည် အလွန်ပြင်းထန်သော အိတ်ချ်၅အန်၁(H5N1) ငှက်တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်နိုင်မည့် ကာကွယ်ဆေးမျိုးစိတ်သစ်တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း ရုရှားသိပ္ပံဖောင်ဒေးရှင်း က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။အဆိုပါ မျိုးစိတ်သစ်သည် လက်ရှိပျံ့နှံ့နေသော ဗိုင်းရပ်စ်ပုံစံများနှင့် တိကျစွာကိုက်ညီပြီး တိရစ္ဆာန်နှင့် လူသားများအတွက်ပါ ဘေးကင်းမှုရှိကြောင်း စိန့်ပီတာစဘတ် တိရစ္ဆာန်ဆေးကုသရေးတက္ကသိုလ်နှင့် စမိုရိုဒင်ဆက်ဖ် တုပ်ကွေးသုတေသနဌာနတို့မှ သိပ္ပံပညာရှင်များက ပူးပေါင်းသုတေသနပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။



news-view-count-icon

23