ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် (Work Permit) ဘတ်စာရင်းတင်ရာ၌ အကျိုးဆောင်အချို့၏ လိမ်လည်မှုကို ခံခဲ့ရသည့် မြန်မာအလုပ်သမားများအား ကူညီပေးသွားမည်ဖြစ်ကြောင်း ထိုင်း-မြန်မာ စကားပြန်၊ ဘာသာပြန်များအသင်း (TMIA) မှ ထုတ်ပြန်ကြေညာလိုက်ပါသည်။ ထိုင်းအစိုးရက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပန်းရောင်ကတ် ပြုလုပ်ရန် စာရင်းတင်ခွင့်ပေးခဲ့စဉ်က အကျိုးဆောင်အချို့နှင့် ကုမ္ပဏီအချို့သည် အလုပ်သမားများထံမှ အခကြေးငွေများ ရယူပြီးနောက် စာရွက်စာတမ်းများ လုပ်ဆောင်ပေးခြင်းမရှိဘဲ တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လိမ်လည်ခံရမှုကြောင့် လက်ဗွေနှိပ်ခြင်းနှင့် သွေးစစ်ခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အခက်ကြုံနေရသည့် လုပ်သားများအတွက် TMIA အဖွဲ့က ဥပဒေကြောင်းအရ လိုအပ်သည်များကို အခမဲ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထားပါသည်။
Jan 23 • 3:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


