ရန်ကုန်မှာ အငှားယာဉ်တွေလိုင်စင်ဝင်တဲ့အခါ မီးသတ်ဆေးဘူးမပါရင် လိုင်စင်ပေးမဆောင်တဲ့အတွက် ယာဉ်ပိုင်ရှင်တွေ အခက်တွေ့နေရတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတချို့က ပြောပါတယ်။မီးသတ်ဆေးဘူးမဆောင်ထားတဲ့ယာဉ်တွေကို ရန်ကုန်မြို့ရဲ့အကြီးဆုံးအဝေးပြေးကားကွင်းဖြစ်တဲ့ အောင်မင်္ဂလာကားကွင်း တာဝန်ရှိသူတွေကလည်း ကားဝင်းအတွင်း ပေးမဝင်တဲ့အတွက် ခရီးသွားလာရေးအတွက် အခက်ကြုံရတယ်လို့ အငှား ယာဉ်မောင်းတစ်ဦးက ပြောတယ်။ ယာဉ်တွေမှာ ဆောင်ထားနိုင်တဲ့ လက်စွဲမီးသတ်ဆေးဗူး( ၁ KG ဗူး) တွေဟာလည်း ဈေးကွက်အတွင်းမှာ ပြတ်လပ်သွား သလောက် ဖြစ်နေပြီး ဝယ်မရတော့တဲ့ အနေအထားလို့ နောက်ထပ် အငှားယာဉ်မောင်းတစ်ဦးက ပြောပြတယ်။



