back

အရှည်(၂၂ ဒသမ ၁၃)ကီလိုမီတာရှိသော ကမ္ဘာ့အရှည်ဆုံး အမြန်လမ်းဥမင်လိုဏ်ခေါင်းကို တရုတ်စတင်ဖွင့်လှစ်

Jan 22 • 1:42 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

အရှည်(၂၂ ဒသမ ၁၃)ကီလိုမီတာရှိသော ကမ္ဘာ့အရှည်ဆုံး အမြန်လမ်းဥမင်လိုဏ်ခေါင်းကို တရုတ်စတင်ဖွင့်လှစ်

တရုတ်နိုင်ငံသည် အရှည်(၂၂ ဒသမ ၁၃)ကီလိုမီတာရှိသော ကမ္ဘာ့အရှည်ဆုံးအမြန်လမ်းဥမင် လိုဏ်ခေါင်း Tianshan Shengli ကို အများပြည်သူ အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခဲ့ပ...

တရုတ်နိုင်ငံသည် အရှည်(၂၂ ဒသမ ၁၃)ကီလိုမီတာရှိသော ကမ္ဘာ့အရှည်ဆုံးအမြန်လမ်းဥမင် လိုဏ်ခေါင်း Tianshan Shengli ကို အများပြည်သူ အသုံးပြုနိုင်ရန်အတွက် ဖွင့်လှစ်ပေးခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကို ရရှိခဲ့ကြောင်းသိရသည်။ Tianshan Shengli ဥမင်လိုဏ်ခေါင်းကို ဖွင့်လှစ် ပေးလိုက်မှုနှင့်အတူ Xinjiang ဒေသ၏ တောင်ပိုင်း နှင့်မြောက်ပိုင်းကို မိနစ်(၂၀)အတွင်းခရီးသွားနိုင်စေခဲ့ကြောင်းသိရသည်။ ယခင်က Xinjiang ဒေသ၏တောင်ပိုင်း နှင့်မြောက်ပိုင်းကို ဖြတ်သန်းသွားလာရန်အတွက် အန္တရာယ်များသောတောင်ပေါ်လမ်းများတွင် နာရီ ပေါင်းများစွာကြာအောင် ခရီးသွားရလေ့ရှိကြောင်း လည်းသိရသည်။ ကီလိုမီတာ(၂၅၀ဝ)ခန့်ရှည်လျား သော Tianshan တောင်တန်းသည် Xinjiang ဒေသ၏အလယ်ပိုင်းကို ဖြတ်သန်းပြီးတည်ရှိနေမှု နှင့်အတူ တောင်ပိုင်းနှင့်မြောက်ပိုင်းကို ပိုင်းခြား သည့်အရာတစ်ခုအဖြစ် တည်ရှိနေခဲ့သည်မှာ အချိန် အတော်ကြာပြီဖြစ်ကြောင်းလည်းသိရသည်။



news-view-count-icon

3