ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၌နေထိုင်သူများအနက် မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပျေ-ာက်ဆုံး/ပျ-က်စီးသူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက One Stop Service ဖြင့် ယနေ့ ဇန်နဝါရီ ၂၂ ရက်ကဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပျေ-ာက်ဆုံး/ပျ-က်စီးသွားသူများနှင့် အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်မလျှောက်ထားသေးသူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့်ဆောင်ရွက်ပေးနေမှု၊ မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးနေမှုတို့ကိုကြည့်ရှုခဲ့ကြောင်း သိရသည်။ထို့နောက် လာရောက်ပြုလုပ်သည့် ဒေသခံများကိုနှုတ်ဆက်ပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပြီး One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် မှတ်ပုံတင်များကို ကာယကံရှင်တစ်ဦးချင်းထံအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။



