back

ပြည် သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌဒေါ်သက်သက်ခိုင် နေအိမ်အကျယ်ချုပ်ချခံရ

Jan 22 • 1:04 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည် သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌဒေါ်သက်သက်ခိုင် နေအိမ်အကျယ်ချုပ်ချခံရ

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသံရုံးအဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့လို့ စစ်ဆေးမေးမြန်းခံနေရတဲ့ ပြည် သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို နေအိမ်...

ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသံရုံးအဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့လို့ စစ်ဆေးမေးမြန်းခံနေရတဲ့ ပြည် သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဌ ဒေါ်သက်သက်ခိုင်ကို နေအိမ်အကျယ်ချုပ်ချထားတယ်လို့ အဲဒီပါတီဝင်တစ်ဦးက ‌ပြောပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) ပါ ပြဋ္ဌာန်းချက်များအရ “နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ (သို့မဟုတ်) ဘာသာရေးအဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း (သို့မဟုတ်) ယင်း တို့၏ ဩဇာ ခံယူခြင်း မပြုရေး" ကို စောင့်ထိန်းလိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ပါတီအသီးသီးကို အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲအစည်း (သို့မဟုတ်) လူပုဂ္ဂိုလ်များနှင့်တွေ့ဆုံရန်ရှိပါက ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကြိုတင်တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရန်ဖြစ်ကြောင်းနှင့် သင့်လျော်သည့်အစီအမံဖြင့် စိစစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်းလည်း ဆိုပါတယ်။နိုင်ငံခြားသံရုံးနဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကို သူတို့နှစ်ဦးလုံးက ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။




news-view-count-icon

30