back

ရှမ်း/တောင် ငလျင်ဒ-ဏ်ခံစားခဲ့ရသည့် ဒေသအတွင်း တတိယအကြိမ်မြောက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ပေးဝေမှု MRCS သွားရောက်ကြည့်ရှုအားပေး

Jan 22 • 7:44 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရှမ်း/တောင် ငလျင်ဒ-ဏ်ခံစားခဲ့ရသည့် ဒေသအတွင်း တတိယအကြိမ်မြောက် ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ပေးဝေမှု MRCS သွားရောက်ကြည့်ရှုအားပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ရှိ ငလျင်ဒ-ဏ်ခံစားခဲ့ရသည့် ဒေသအတွင်း တတိယအကြိမ်မြောက် ကန့်သတ်ချက်မဲ့ငွေသားထောက် ပံ့ပေးဝေနေမ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ရှိ ငလျင်ဒ-ဏ်ခံစားခဲ့ရသည့် ဒေသအတွင်း တတိယအကြိမ်မြောက် ကန့်သတ်ချက်မဲ့ငွေသားထောက် ပံ့ပေးဝေနေမှုကို မြန်မာနိုင်ငံကြက်ခြေနီ အသင်း (MRCS) က သွားရောက်ကြည့်ရှုကာ ဒေသခံများကို အားပေးစကားပြောကြားခဲ့ကြကြောင်း သိရသည်။အဆိုပါ ထောက်ပံ့မှုကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ နော်ဝေးနိုင်ငံ ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ဆောင်ရွက်နေခြင်းဖြစ်ကာ ငလျင်ပြန်လည်ထူထောင်ရေးအတွက် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ နန့်ပန်ရွာနှင့် ကေလာရွာတို့၌ ထောက်ပံ့ပေးဝေခဲ့ကြခြင်းဖြစ်သည်။ကန့်သတ်ချက်မဲ့ ငွေသားထောက်ပံ့ပေးဝေမှုဆိုသည်မှာ မည်၍မည်မျှ သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ လိုအပ်ချက်အပေါ် မူတည်၍ ထောက်ပံ့ပေးသည့် လုပ်ငန်းစဉ်တစ်ခုဟု ပေါ်ပြူလာနယူးစ်အနေဖြင့် နားလည်ရသည်။

ယင်း ထောက်ပံ့မှုခရီးစဉ်ကို ယခုလ ဇန်နဝါရီလ (၁၉) ရက်မှ (၂၂) ရက်အထိ သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး ဒေသခံ ရပ်ရွာလူငယ်များနှင့် တွေ့ဆုံကာ အသင်း၏ လူမှုကရုဏာလုပ်ငန်းများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်အဖြစ် ပါဝင်‌နိုင်မည့် နည်းလမ်းများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။အလုပ်အမှုဆောင်နှင့် အဖွဲ့သည် ပင်လောင်းမြို့နယ်သို့‌ သွားရောက်ကာ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် တွေ့ဆုံခဲ့ပြီး ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းအခြေအနေနှင့် အသင်းခွဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က အသိပေးထားသည်။


news-view-count-icon

22