မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း မီးသတ်ဆေးဘူးများကို အခကြေးငွေဖြင့်ငှားရမ်းမှုများတွင်ကျယ်ကာ ပုံမှန်ထက် အလုပ်ဖြစ်နေကြောင်း မန္တလေးမြို့ဒေသခံများထံမှ သိရသည်။မော်တော်ယာဉ်သက်တမ်းတိုးခြင်းဆောင်ရွက်သည့်အခါ မီးသတ်ဆေးဘူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟု ကညန၏ညွှန်ကြားချက်များ ထွက်လာပြီးနောက်ပိုင်းတွင် ယခင်ကထက်ပိုမိုအလုပ်ဖြစ်လာခြင်းဖြစ်ကြောင်း ယာဉ်လိုင်စင်ဝန်ဆောင်မှုပေးနေသော အကျိုးဆောင်များက ဆိုကြသည်။ယာဉ်စစ်ဆေးရန်တန်းစီချိန်မှ ယာဉ်စစ်ဆေးပြီးသည်အထိ ငှားရမ်းခ ၅,၀၀၀ ကျပ်ဝန်းကျင်ပေးရပြီး တရုတ်နိုင်ငံထုတ် 1Kg မီးသတ်ဆေးဘူးတစ်ဘူးလျှင် ၂၈,၀၀၀ ကျပ်ရှိကြောင်း သိရသည်။မော်တော်ယာဉ်များ မီးလောင်ကျွမ်းမှုကြောင့် လူသေဆုံးမှု၊ ယာဉ်နှင့်ပစ္စည်းများဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မော်တော်ယာဉ်အမျိုးအစားအလိုက် အနည်းဆုံး ဓာတုဗေဒပေါင်ဒါမှုန့်ခြောက်ပါဝင်သော မီးသတ်ဆေးဘူးများ တပ်ဆင်ထားရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။မော်တော်ယာဉ်စစ်ဆေးသည့်အချိန်တွင် မီးသတ်ဆေးဘူးများတပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးမည်ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
| 39 | 0 | 0 | 0 |



