back

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားအပါအဝင် ငွေကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမ

Jan 22 • 2:36 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားအပါအဝင် ငွေကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)၊ (၂)လမ်းရှိ မူးယစ်ဆေးဝါးသတင်းရရှိထားသော နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ထိုင်းနိုင်ငံသားနှ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ (တွင်း)၊ (၂)လမ်းရှိ မူးယစ်ဆေးဝါးသတင်းရရှိထားသော နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ထိုင်းနိုင်ငံသားနှင့်အတူ ငွေကျပ်သိန်း ၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထိုင်းနိုင်ငံသူ Miss Phaknapatcha Songthong နှင့် မြန်မာနိုင်ငံသား လီလို(ခ)လီဖူ(ကျား)တို့ ၃ ဦးအား တွေ့ရှိရပြီး နေအိမ်နှင့် ခြံဝင်းအတွင်းတို့မှ စိတ်ကြွဆေးပြား ၄၂၀၀ ပြား(ဒေသကာလတန်ဖိုး ငွေကျပ် ၂၉.၄ သိန်းခန့်)၊ Ketamine Pop ၁၂ ခု၊ အလေးချိန် ၉.၆ မီလီလီတာခန့်(ဒေသကာလတန်ဖိုး ငွေကျပ် ၂၈.၈ သိန်းခန့်)၊ လက်ကိုင်ဖုန်း ၄ လုံး၊ မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ယခုမူးယစ်ဆေးဝါးများနှင့်ဖမ်းဆီးရမိသော တရားခံများအား ဟောင်လိတ်နယ်မြေရဲစခန်း မယ(ပ)၇/၂၀၂၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ထားရှိပါသည်။

news-view-count-icon

18