၂၀၂၆ ပညာသင်နှစ်၏ အဝေးသင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်များအတွက် ပထမနှစ်မှစ၍ နောက်ဆုံးနှစ်အထိ သင်တန်းကာလနှင့် စာမေးပွဲအချိန်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။အဝေးသင် ပထမအသုတ် (သိပ္ပံအထူးပြုဘာသာရပ်များအားလုံး)
သင်တန်းကာလ (ပထမနှစ်) - ၁၀.၁.၂၀၂၆ မှ ၂.၈.၂၀၂၆ အထိ။ (သင်ကြားချိန် ၂၉ ရက်)
သင်တန်းကာလ (ဒုတိယနှစ်နှင့်အထက်) - ၂၁-၂-၂၀၂၆ မှ ၂၃-၈-၂၀၂၆ အထိ။ (သင်ကြားချိန် ၂၆ ရက်)
ကိုယ်ပိုင်စာကြည့်ချိန် - ၂၄.၈.၂၀၂၆ မှ ၃၀.၉.၂၀၂၆ အထိ။
စာမေးပွဲကာလ - ၁.၁၀.၂၀၂၆ မှ ၇.၁၀.၂၀၂၆ အထိ။ (စနေအပါ ဖြေဆိုရမည်)
အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုများ - အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)
အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၉-၁၀-၂၀၂၆ မှ ၁၈-၁၀-၂၀၂၆ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် သင်ကြားချိန်)
ကိုယ်ပိုင်စာကြည့်ချိန် - ၁၉.၁၀.၂၀၂၆ မှ ၂၁.၁၀.၂၀၂၆ အထိ
စာမေးပွဲကာလ - ၂၂.၁၀.၂၀၂၆ မှ ၃၀.၁၀.၂၀၂၆ အထိ။ (စနေအပါ၊ သီတင်းကျွတ်ပိတ်ရက်မပါ ဖြေဆိုရမည်)
အဝေးသင် တတိယအသုတ် (ဝိဇ္ဇာအထူးပြုများ - မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ)
အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၂-၁၁-၂၀၂၆ မှ ၁၁-၁၁-၂၀၂၆ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် သင်ကြားချိန်)
ကိုယ်ပိုင်စာကြည့်ချိန် - ၁၂.၁၁.၂၀၂၆ မှ ၁၅.၁၁.၂၀၂၆ အထိ
စာမေးပွဲကာလ - ၁၆.၁၁.၂၀၂၆ မှ ၂၅.၁၁.၂၀၂၆ အထိ။ (စနေအပါ၊ တန်ဆောင်မုန်းပိတ်ရက်မပါ ဖြေဆိုရမည်)



