back

လန်ဒန်မှာ ဧရာမ တရုတ်သံရုံး တည်ဆောက်မယ့် အစီအစဉ် ဗြိတိန် ခွင့်ပြု

Jan 21 • 7:44 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

လန်ဒန်မှာ ဧရာမ တရုတ်သံရုံး တည်ဆောက်မယ့် အစီအစဉ် ဗြိတိန် ခွင့်ပြု

လန်ဒန်မြို့မှာ တရုတ်က သူတို့ရဲ့ သံရုံးကို ဥရောပမှာ ရှိရှိသမျှသံရုံးတွေထဲ အကြီးမားဆုံးအဖြစ် တည်ဆောက်မယ့် အစီအစဉ်ကို ဗြိတိန်အစိုးရက ဇန်နဝါရီ ၂၀ ရက်မှာ ခွင့်ပြုလို...

လန်ဒန်မြို့မှာ တရုတ်က သူတို့ရဲ့ သံရုံးကို ဥရောပမှာ ရှိရှိသမျှသံရုံးတွေထဲ အကြီးမားဆုံးအဖြစ် တည်ဆောက်မယ့် အစီအစဉ်ကို ဗြိတိန်အစိုးရက ဇန်နဝါရီ ၂၀ ရက်မှာ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။အဲဒီ ဧရာမ သံရုံးကို တရုတ်က လျှို့ဝှက်ထောက်လှမ်းရေး အခြေစိုက်စခန်းအဖြစ် အသုံးချလာနိုင်တယ်လို့ ဗြိတိန်နဲ့အမေရိကန် နိုင်ငံရေးသမားတွေက သတိပေးထားပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်ပြီး လန်ဒန်အစိုးရက အခုလိုမျိုး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။လန်ဒန် မျှော်စင်အနီး သက်တမ်း နှစ်ပေါင်း ၂၀၀ လောက်ရှိပြီဖြစ်တဲ့ ဒင်္ဂါးထုတ်စက်ရုံ နေရာမှာ တရုတ်က သူတို့ရဲ့ သံရုံးအသစ် တည်ဆောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ ဒေသခံတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဗြိတိန်ရှိ ဒီမိုကရေစီလိုလားတဲ့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုကြောင့် သုံးနှစ်ကြာ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။အခုလ ဝန်ကြီးချုပ် ကီယာ စတာမာ တရုတ်သို့ သွားရောက်ဖို့ စီစဉ်ထားချိန်မှာ ဗြိတိန် အစိုးရရဲ့ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်အဲဒီ ခရီးစဉ်ဟာ ၂၀၁၈ ခူနှစ် နောက်ပိုင်း ဗြိတိသျှခေါင်းဆောင် တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။အဲဒီ ခရီးစဉ်ဟာ တရုတ်သံရုံး တည်ဆောက်ရေး အစီအစဉ် ခွင့်ပြု၊ မပြု အပေါ်မှာ မူတည်နေတယ်လို့ ဗြိတိန်နဲ့တရုတ် အရာရှိတွေက ပြောဆိုထားပါတယ်။လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပေမယ့် အန္တရာယ်ကို လျှော့ချနိုင်ကြောင်း အစီအစဉ် ခွင့်ပြုမှု လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ဗြိတိန် ထောက်လှမ်းရေးအေဂျင်စီတွေက ပြောပါတယ်။

နိုင်ငံတော် လုံခြုံရေးဟာ မိမိတို့ရဲ့ ပထမဦးစားပေး တာဝန် ဖြစ်ကြောင်း ဗြိတိန် အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

news-view-count-icon

12