back

လက်သည်းအခြောက်ခံစက် မီးမပိတ်မိရာမှလောင်ကျွမ်းသောမီးလောင်မှု ရန်ကုန်၊သာကေတရှိ အလှပြင်ဆိုင်တစ်ခု၌ဖြစ်ပွား

Jan 21 • 7:41 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

လက်သည်းအခြောက်ခံစက် မီးမပိတ်မိရာမှလောင်ကျွမ်းသောမီးလောင်မှု ရန်ကုန်၊သာကေတရှိ အလှပြင်ဆိုင်တစ်ခု၌ဖြစ်ပွား

လက်သည်းအခြောက်ခံစက် မီးမပိတ်မိရာမှလောင်ကျွမ်းခဲ့သော မီးလောင်ကျွမ်းမှုတစ်ခု ဇန်နဝါရီ ၂၀ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ရတနာပုံ(၄)လ...

လက်သည်းအခြောက်ခံစက် မီးမပိတ်မိရာမှလောင်ကျွမ်းခဲ့သော မီးလောင်ကျွမ်းမှုတစ်ခု ဇန်နဝါရီ ၂၀ ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ရတနာပုံ(၄)လမ်းတွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါမီးလောင်ကျွမ်းမှာ ည ၉ နာရီ ၃၈ မိနစ်အချိန်ခန့်က ရွှေခေတ်ဟုအမည်ရသော Beauty Saloon ၌ဖြစ်ပွားခဲ့ပြီး မီးငြှိမ်းသတ်ယာဥ်လေးစီး၊ ရေသယ်ယာဥ်နှစ်စီး၊ အထောက်အကူပြုယာဥ်တစ်စီး၊ ကွပ်ကဲမှုယာဥ်တစ်စီးနှင့် သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ဝိုင်းဝန်းပူးပေါင်း ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၄ မိနစ်အချိန်တွင်မီးငြိမ်းသွားကြောင်း မီးသတ်မှထုတ်ပြန်ထားသည်။ မီးလောင်ကျွမ်းမှုမှာ လက်သည်းအခြောက်ခံစက်ကို မီးမပိတ်မိဘဲထားရာမှ အပူလွန်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုအချိန်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ဆိုင်သုံးပစ္စည်းများအပါအဝင် ပျက်စီးဆုံးရှုံးမှုအများအပြား ကြုံခဲ့ရကြောင်း သိရသည်။ထိုအလှပြင်ဆိုင်မီးလောင်မှုနှင့် ပတ်သက်၍ ကို . . . . (အသက် ၂၈ နှစ်)ဆိုသူကို သာကေတနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားပြီး ပျက်စီဆုံးရှုံးသွားသည့် တန်ဖိုးများကိုလည်း စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်ယင်းနေ့မှာပင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဘူတာရုံရပ်ကွက်တွင်လည်း နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သလို ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာတွင်လည်း နွားခြံမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းများအရ သိရသည်။



news-view-count-icon

29