back

၉ လအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၈,၀၀၀ နီးပါးခန့် တင်ပို့ထား

Jan 21 • 6:43 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၉ လအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၈,၀၀၀ နီးပါးခန့် တင်ပို့ထား

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လတာအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၈၀၀၀ နီးပါး တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုန...

ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၉ လတာအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၈၀၀၀ နီးပါး တင်ပို့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်မှုတို့မှ စုစုပေါင်း ပုစွန်မက်ထရစ်တန် ၇၉၉၅ ဒသမ ၂၂၂ အထိ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆၅၈ သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ပြည်တွင်းထွက်ပုစွန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့မှုအနေဖြင့်လည်း ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကာလတူတွင် မက်ထရစ်တန် ၆,၂၅၃ ဒသမ ၀၂၄ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုနှစ်တင်ပို့မှုသည် ယမန်နှစ်ကာလတူထက် ၁,၇၄၂ ဒသမ ၁၉၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။မြန်မာနိုင်ငံအနေဖြင့် ပုစွန်အပါအဝင် ဒေသထွက် ရေထွက်ကုန်များကို ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေခြင်းဖြစ်ပြီး ရန်ကုန်မှတစ်ဆင့်တင်ပို့နေသည့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကိုပါ အသုံးပြု၍ တိုက်ရိုက်တင်ပို့လျက်ရှိကြောင်းလည်း သိရပါတယ်။

news-view-count-icon

38