တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင် ကျေးရွာမှာ ဧရာဝတီလင်းပိုင် တစ်ကောင် မတော်တဆ လာမိနေခဲ့ပြီး ရှားပါးမျိုးစိတ်ဖြစ်တာကြောင့် ဒေသခံတွေက ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။ရှားပါးမျိုးစိတ် တစ်ခုဖြစ်တဲ့ Irrawaddy Dolphin((Orcaella brevirostris) –ဒေသ
အခေါ် လင်းရှူး တစ်ကောင် ငါးဖမ်းပိုက်မှာ မတော်တဆမိလာလို့ ကြိမ်မဲတောင်ရွာက ဦးမာန်အင်း၊ဦးပထန်နဲ့ ကိုနောင်ပိန်တို့ ဦးဆောင်ပြီး ရေထဲပြန်လွတ်ပေးလိုက်ပါတယ်။"လို့ Nyein Htet Aung အမည်နဲ့ အကောင့်က တင်ပေးထားခဲ့တာဖြစ်ပါတယ်။"ချစ်စရာကောင်းပြီးလူတွေကိုအန္တရာယ်မပြုတဲ့သဘာ၀သတ္တဝါဖြစ်လို့တွေ့ရင်
ဖမ်းမထားဘဲကာကွယ်ပြီးပြန်လွတ်ပေးကြရအောင်ပါ"လို့ လည်း တိုက်တွန်းထားပါတယ်။ဧရာဝတီ လင်းပိုင်တွေဟာကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းမှုအန္တရာယ်ရှိ (Endangered)သတ္တဝါမျိုးစိတ်ဖြစ်ပြီးဖမ်းဆီးခံရမှု၊ ရေညစ်ညမ်းမှုကြောင့်
အရေအတွက် တဖြည်းဖြည်း လျော့နည်းလာနေပြီ ဖြစ်ပါတယ်။


