back

နော်ဝေကလပ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအတွက် ဟာလန်းက မန်စီးတီးပရိသတ်များကို တောင်းပန်ပြီး တာဝန်ယူကြောင်း ပြောကြား

Jan 21 • 5:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

နော်ဝေကလပ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအတွက် ဟာလန်းက မန်စီးတီးပရိသတ်များကို တောင်းပန်ပြီး တာဝန်ယူကြောင်း ပြောကြား

မန်ချက်စတာစီးတီးအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ် (၇) တွင် အတွေ့အကြုံနည်းပါးသည့် နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းအား ၁-၃ ဂိုးဖြင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းအပေါ် တိုက...

မန်ချက်စတာစီးတီးအသင်းသည် ချန်ပီယံလိဂ်ပွဲစဉ် (၇) တွင် အတွေ့အကြုံနည်းပါးသည့် နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းအား ၁-၃ ဂိုးဖြင့် မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းအပေါ် တိုက်စစ်မှူး ဟာလန်းက ရှက်စရာကောင်းသော ရလဒ်ဖြစ်ကြောင်း ဝန်ခံပြောကြားလိုက်ပါသည်။ ၎င်းအနေဖြင့် အဆိုပါရှုံးပွဲအတွက် အသင်းရှိ ဝါရင့်ကစားသမားများနှင့်အတူ အပြည့်အဝ တာဝန်ယူကြောင်းနှင့် ဂိုးမသွင်းယူနိုင်ခဲ့သည့်အတွက် ပရိသတ်တစ်ဦးချင်းစီကို တောင်းပန်ကြောင်းလည်း ဖွင့်ဟခဲ့ပါသည်။ မန်စီးတီးအသင်းသည် မန်ချက်စတာဒါဘီတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုပွဲတွင်ပါ ထပ်မံရှုံးနိမ့်ခဲ့သဖြင့် ယခုရာသီအတွင်း တတိယအကြိမ်မြောက် နှစ်ပွဲဆက်ရှုံးနိမ့်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

20