back

ယူအက်စ်အလုပ်သမားများနှင့် ကျောင်းသားများထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ကန့်ကွက်

Jan 21 • 5:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယူအက်စ်အလုပ်သမားများနှင့် ကျောင်းသားများထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ကန့်ကွက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့်အနေဖြင့် ထောင်နှင့်ချီသော အမေရိကန် အလုပ်သမားများနှင့် ကျောင်းသားများသည် အင်္ဂါနေ့တွင် မြို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့်အနေဖြင့် ထောင်နှင့်ချီသော အမေရိကန် အလုပ်သမားများနှင့် ကျောင်းသားများသည် အင်္ဂါနေ့တွင် မြို့ကြီးများနှင့် တက္ကသိုလ်ကျောင်းဝင်းများတွင် ချီတက်ခဲ့ကြသည်။ထရမ့်ပ်၏ ဒုတိယသမ္မတသက်တမ်း ပထမနှစ်ပတ်လည်တွင် လွန်ခဲ့သည့်ရက်သတ္တပတ်များက မင်နီယာပိုလစ်ရှိ ၃၇ နှစ်အရွယ်မိခင် ရီနေး ဂုဒ်ကို ဖက်ဒရယ်အေးဂျင့်များက သူ၏ ကားပေါ်မှဆွဲထုတ်ပြီး ‌ေ-သနတ်ဖြင့် ပ-စ်သ-တ်ပြီးနောက်သူ၏ ပြင်းထန်သောလူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကိုဆန့်ကျင်သောဆန္ဒပြပွဲများသည် တိုင်းပြည်အနှံ့ပေါ်ပေါက်ခဲ့သည်။နူး‌ယော့ခ် မြို့သား ရာပေါင်းများစွာသည် မန်ဟက်တန်ရှိ ထရမ့်တာဝါ အပြင်ဘက်တွင် “ဖက်ဆစ်ဝါဒအတွက် ငါတို့ ရပ်တည်မည်မဟုတ်” ဟူသော ကြွေးကြော်သံများ ကြွေးကြော်ကာ ဝူဒီ ဂတ်သရီ တေးသရုပ်ဖော်ခဲ့သော “This Land Is Your Land” သီချင်းကို သီဆိုခဲ့ကြသည်။


news-view-count-icon

18