back

တရုတ်-မဲခေါင်နိုင်ငံများပူးပေါင်းပြီးဆေးဘက်ဝင်အပင်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်နေ

Jan 21 • 3:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

တရုတ်-မဲခေါင်နိုင်ငံများပူးပေါင်းပြီးဆေးဘက်ဝင်အပင်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်နေ

တရုတ်နိုင်ငံနဲ့မြန်မာအပါအဝင်မဲခေါင်နိုင်ငံတွေပူးပေါင်းပြီးဆေးဘက်ဝင်အပင်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရပါတယ်...

တရုတ်နိုင်ငံနဲ့မြန်မာအပါအဝင်မဲခေါင်နိုင်ငံတွေပူးပေါင်းပြီးဆေးဘက်ဝင်အပင်မျိုးစိတ် ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရပါတယ်။လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေမှ ပံ့ပိုးကူညီတဲ့“မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ် အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း” စီမံကိန်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီ့စီမံကိန်းဟာ မြန်မာ့ဆေးဖက်ဝင် အပင်မျိုးစိတ်များ ထိန်းသိမ်းကာကွယ်ရေး၊ သိပ္ပံနည်းကျ သုတေသနအသုံးချရေးနဲ့ တိုင်းရင်းဆေးပညာ အမွေဆက်ခံရေးတို့အတွက် အရေးကြီးတဲ့ ဒေတာအချက် အလက်အထောက်အကူများ ပံ့ပိုးပေးခဲ့ပါတယ်လို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး က ပြောကြားခဲ့ပါတယ်။စီမံကိန်းမှာ လက်တွေ့ကွင်းဆင်းစုဆောင်းခြင်းနှင့် စနစ်တကျ သုတေသနပြုလုပ်ခြင်းတို့မှတစ်ဆင့် ဆေးဖက်ဝင်အပင်မျိုးစိတ်သစ်များကို မှတ်တမ်းတင်ခြင်းနဲ့ ခွဲခြမ်းစိတ်ဖြာခြင်းတို့ကိုပြုလုပ်ကာ ဒေသဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပေးလျက်ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

52