back

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်း တင်ပို့ရန် ပြင်ဆင်

Jan 20 • 7:16 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်း တင်ပို့ရန် ပြင်ဆင်

လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရန် ပြင်ဆင်နေကြောင်း ပြောင်းကုန်သည်များ၏ပြောပြချက်အရ သိရသည်။မြန်မာ့ပြောင်းကို ထို...

လာမည့် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရန် ပြင်ဆင်နေကြောင်း ပြောင်းကုန်သည်များ၏ပြောပြချက်အရ သိရသည်။မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ ဩဂုတ်လ (၃၁) ရက်အထိ တင်ပို့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ဘန်ကော်ဆိပ်ကမ်းများသို့လည်းကောင်း၊ ကော့သောင်း-ရနှောင်းလမ်းကြောင်းမှလည်းကောင်း၊ တာချီလိတ်လမ်းကြောင်းမှလည်းကောင်း တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ပြောင်းတန်ချိန် (၁ဒသမ၈)သန်းခန့် တင်ပို့နိုင်ခဲ့ပြီး၊ ယခု၂၀၂၆ခုနှစ်တွင်လည်း ယခင်နှစ်က တန်ချိန်ပမာဏအတိုင်း တင်ပို့နိုင်ရန် စီစဥ်ထားကြောင်းသိရသည်။မြန်မာနိုင်ငံတွင် ပြောင်းစိုက်ဧက (၂)သန်းကျော်ရှိပြီး တန်ချိန် (၃)သန်းကျော် ထွက်ရှိကြောင်း၊

ပြည်တွင်းသုံးစွဲမှုအနေဖြင့် ပြောင်းတန်ချိန် (၁) သန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပကို တန်ချိန် (၂)သန်းကျော် တင်ပို့လျက်ရှိကြောင်း သိရသည်။

news-view-count-icon

48