မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုမြို့ပတ်လမ်းရှိ ငါးကန်ဟောင်းရေအိုင်အတွင်း၌ ဇန်နဝါရီ ၁၈ ရက်နေ့က အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးသူမှာ ဦးစိုးမိုးထိုက်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဦးခေါင်း၊ နားထင်တို့၌ ပေါက်ပြဲဒဏ်ရာများ တွေ့ရှိရသဖြင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ယူဆရကာ၊ သက်ဆိုင်ရာက စစ်ဆေးမှုများပြုလုပ်ပြီးနောက် ရာမညအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ အုတ်ဖိုမြို့ပတ်လမ်းရှိ ရေအိုင်အတွင်း သတ်ဖြတ်ခံထားရသည့် အမျိုးသားရုပ်အလောင်းတစ်ဦး တွေ့ရှိ
Jan 20 • 2:52 AM
မြန်မာ
မွန်
မျှဝေမည်
| 21 | 0 | 0 | 0 |


