back

မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ

Jan 20 • 2:45 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြန်လည်ပြုပြင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေ

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိရာ လက်ရှိတွင် စေတီတော်ရေရှည်တည်တ...

မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိရာ လက်ရှိတွင် စေတီတော်ရေရှည်တည်တံ့ခိုင်မြဲစေရန် မြေသားခိုင်ခံ့အောင်ပြုပြင်ခြင်းလုပ်ငန်း မှာ ၄၉ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရှိရပါသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည့် အဆိုပါပြုပြင်ရေးလုပ်ငန်းစဉ်များတွင် စေတီတော်အခြေရှိ မြေလပ်ပေါက်များအား ဘိလပ်မြေဖြင့် ပြန်လည်ဖြည့်တင်းခြင်း လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းနှင့် Cement Grouting လုပ်ငန်းမှာ ၉၇ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်သည်။ ထို့အပြင် လိုဏ်ဂူအတွင်းရှိ နံရံအက်ကွဲကြောင်းများ ပြုပြင်ခြင်းနှင့် စကျင်ကျောက်ပန်းချီ၊ ကျောက်စိမ်းပြားများ ပြုပြင်ခြင်းလုပ်ငန်းများမှာလည်း ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကာ ကျန်ရှိနေသည့် မြေထိန်းနံရံနှင့် ရေမြောင်းပြုပြင်ခြင်းလုပ်ငန်းများကိုလည်း စံချိန်စံညွှန်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

12