ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFF Women's Futsal Championship 2026 ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အုပ်စု (ခ) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့နှင့်အတူ ထိပ်တိုက်တွေ့ဆုံနေပြီး၊ အုပ်စု (က) တွင်မူ အိမ်ရှင်ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားအသင်းတို့ ပါဝင်နေကြောင်း သိရှိရပါသည်။ အဆိုပါပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ Nakhon Ratchasima မြို့၌ ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ မြန်မာ့လက်ရွေးစင်အသင်းသည် ပြိုင်ပွဲအတွက် ပဏာမကစားသမား ၃၂ ဦးဖြင့် ဇန်နဝါရီ ၁၉ ရက်မှစတင်၍ စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပါသည်။
မြန်မာအမျိုးသမီးဖူဆယ်အသင်း အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျတို့နှင့် အုပ်စု (ခ) ၌ တစ်အုပ်စုတည်းကျရောက်
Jan 20 • 2:41 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


