စင်ကာပူနိုင်ငံ အနောက်ပိုင်းဒေသရှိ နေရာ ၆ ခုတွင် တရားမဝင် မြင်းပွဲနှင့် ထီလောင်းကစားလုပ်ငန်းများကို ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၅ ရက်တွင် တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းခဲ့ရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း သက်သေခံငွေသား စင်ကာပူဒေါ်လာ ၇၀,၀၀၀ ကျော်နှင့်အတူ လောင်းကစားရာတွင် အသုံးပြုသည့် ကွန်ပျူတာ၊ ဖုန်းများကို သိမ်းဆည်းခဲ့ပြီး ဖမ်းဆီးခံရသူများကို ၂၀၂၂ ခုနှစ် လောင်းကစားထိန်းချုပ်ရေး အက်ဥပဒေအရ အရေးယူရန် စုံစမ်းစစ်ဆေးလျက်ရှိသည်။ ဥပဒေအရ တရားမဝင်လောင်းကစားဒိုင်များသည် ငွေဒဏ် ဒေါ်လာ ၅ သိန်းနှင့် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်ပြီး၊ လောင်းကစားသူများမှာလည်း ငွေဒဏ်နှင့် ထောင်ဒဏ်များ အသီးသီးကျခံရနိုင်သဖြင့် အများပြည်သူအနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုရန် ရဲတပ်ဖွဲ့က သတိပေးထားပါသည်။
| 16 | 0 | 0 | 0 |


