back

ခွင့်ပြုချက်မရှိဘဲ တရားမဝင် လျှပ်စစ်ဓါတ်အားရယူသုံးစွဲပါက လျော်ကြေးငွေတောင်းခံမည်

Jan 18 • 2:06 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ခွင့်ပြုချက်မရှိဘဲ တရားမဝင် လျှပ်စစ်ဓါတ်အားရယူသုံးစွဲပါက လျော်ကြေးငွေတောင်းခံမည်

ဓါတ်အားသုံးစွဲသူပြည်သူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်ဓါတ်အားကို တရားမဝင်ရယူသုံးစွဲပါက လျော်ကြေးငွေတောင်းခံသွားမည်ဖြစ်ကြောင်း YESC (ရန်ကုန်လျှပ်စစ်ဓါတ်အ...

ဓါတ်အားသုံးစွဲသူပြည်သူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်ဓါတ်အားကို တရားမဝင်ရယူသုံးစွဲပါက လျော်ကြေးငွေတောင်းခံသွားမည်ဖြစ်ကြောင်း YESC (ရန်ကုန်လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း) က သိရသည်။တရားဝင်မှတ်ပုံတင်ဖြင့် ထုတ်ပေးထားခြင်းမရှိသည့် မီတာများတပ်ဆင်အသုံးပြုခြင်း၊ မီတာကို မူလအနေအထားမှ ချို့ယွင်းအောင် တစ်နည်းနည်းဖြင့် ပြုပြင်ခြင်းနှင့် မြို့နယ်လျှပ်စစ်မန်နေဂျာ၏ ခွင့်ပြုချက်မရှိဘဲ လျှပ်စစ်ဓါတ်အားများကို တရားမဝင်ချိတ်ဆက်အသုံးပြုခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြရန် အသိပေးထားသည်။တရားမဝင် ဓါတ်အားရယူသုံးစွဲခြင်းကို စစ်ဆေးဖော်ထုတ်တွေ့ရှိပါက လျော်ကြေး၊ ဒ-ဏ်ကြေး၊ နစ်နာကြေးများ တောင်းခံမည်ဖြစ်သည့်အပြင် ဖေ-ာက်ဖျ-က်ကျုးလွန်သည့် အမျိုးအစားအလိုက် အနည်းဆုံးပြစ်ဒ-ဏ်အဖြစ် ငွေကျပ်တစ်သိန်းမှ အမြင့်ဆုံး ပြစ်ဒ-ဏ်ထောင်ဒ-ဏ် (၁၀) နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း အသိပေးထားသည်။ဓါတ်အားခကြွေးကျန်နှင့်လျော်ကြေးငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့ ပေးသွင်းရမည်ဖြစ်ကြောင်း YESC က အသိပေးထုတ်ပြန်ထားသည်။



news-view-count-icon

40