back

ပြည်တွင်း၌အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြား လေ့ကျင့်ပေးရန် တိုက်တွန်း

Jan 18 • 7:21 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြား လေ့ကျင့်ပေးရန် တိုက်တွန်း

ပြည်တွင်း၌Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန်ပြော ကြားကာနို...

ပြည်တွင်း၌Agro-based Industries နှင့် MSME များ၊ AI နှင့် EV ဆိုင်ရာ နည်းပညာများဖွံဖြိုးရေးအထောက်အကူပြု သုတေသနစီမံကိန်းများကို အလေးထားဆောင်ရွက်ရန်ပြော ကြားကာနိုင်ငံတော်စဉ်ဆက်မပြတ်ဖွံဖြိုးရေး အမှန်တကယ်အားထားရသည့် အင်ဂျင်နီယာ လူငယ်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် ကျောင်းသားများကို အင်ဂျင်နီယာပညာဒဿနအမြင်၊ အသိပညာဆန်းစစ်လေ့လာတွေးခေါ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် အင်ဂျင်နီယာအရည်အချင်းများပြည့်ဝစေအောင် စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရေး သင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။ယမန်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် ရန်ကုန်မြို့ လှိုင်သာယာမြိုနယ်ရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိချိန် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။




news-view-count-icon

35