back

ရန်ကုန်မြို့ လေထု သုံးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိ ဇန်နဝါရီ ၁၈ ရက်တွင် လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၄) သို့ရောက်ရှိနေ

Jan 18 • 6:57 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်မြို့ လေထု သုံးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိ ဇန်နဝါရီ ၁၈ ရက်တွင် လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၄) သို့ရောက်ရှိနေ

ရန်ကုန်မြို့ လေထု သုံးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိနေသည်ဟု EHS myanmar က ထုတ်ပြန်သည်။ဇန်နဝါရီ ၁၈ ရက် နံနက် (၈)နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (...

ရန်ကုန်မြို့ လေထု သုံးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိနေသည်ဟု EHS myanmar က ထုတ်ပြန်သည်။ဇန်နဝါရီ ၁၈ ရက် နံနက် (၈)နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) က အနီရောင်အဆင့် (Unhealthy) မှာဆက်လက်ရှိနေသည်ဟု EHS Myanmar က ထုတ်ပြန်သည်။US AQI 165 နှင့် PM2.5 level 75.4 µg/m³ ဖြင့် IQAir ဖော်ပြချက်အရ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၄) သို့ရောက်ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။ မသန့်သောလေရှုရှိုက်မိပါက နှလုံး နှင့် အဆုတ်ကို ထိခိုက်စေနိုင်ပြီးရောဂါအခံရှိသူများ၊ ကလေးသူငယ်များ နှင့် အသက်အရွယ်ကြီးသူများအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အနေအထားဖြစ်ပါတယ်" ဟု EHS Myanmar က ဆိုသည်အပြင်ထွက်မည့်သူများအနေဖြင့် PM2.5 ကာကွယ်နိုင်မည့် Mask များ မဖြစ်မနေ တပ်ဆင်သွား လာသင့်ပါကြောင်း EHS myanmar က အကြုံပြုထားသည်။



news-view-count-icon

50