တရုတ်နိုင်ငံသည် ဈေးနှုန်းမြင့်မားမှုကိုရည်ညွှန်းပြီး ရုရှားထံမှ လျှပ်စစ် ဓာတ်အားတင်သွင်းမှုများကို ရပ်တန့်လိုက်ပြီဟု အဆိုပါကိစ္စနှင့်ရင်းနှီးပတ်သက်သူ သတင်းအရင်းအမြစ်များကို ကိုးကား၍ Kommersant သတင်းစာကရေးသားခဲ့သည်။ ရုရှားကတော့ ရောင်းချမှုကိုပြန်လည်စတင်ဖို့အသင့်ရှိပြီး ဆွေးနွေးမှုများ လုပ် ဆောင်နေကြောင်းထုတ်ပြန်ခဲ့သည်။တရုတ်အစိုးရဘက်မှ အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက်တောင်းဆိုမှုကို ချက်ချင်း ပြန်လည် တုံ့ပြန်ခဲ့ ခြင်း မရှိသေးပေ။
ရုရှားစွမ်းအင်ဝန်ကြီးဌာနက ရုရှားအရှေ့ဖျားတွင် လျှပ်စစ်ဓါတ်အားဝယ်လိုအား တိုးမြင့်လာခြင်းကိုဖြည့် ဆည်းပေးရေးသည် ဦးစားပေးဖြစ်သော်လည်း သဘောတူထားသော သတ်မှတ်ချက်များ အပေါ် မူတည်၍တရုတ် ကို ဓာတ်အားပေးပို့မှုပြန်လည်စတင်နိုင်ကြောင်းရိုက်တာသတင်းဌာနကိုပြောခဲ့သည်။တရုတ်သို့ ရုရှား၏လျှပ်စစ်ဓာတ်အားပေးပို့နေသောကုမ္ပဏီ InterRAO က ဆွေးနွေးမှုများ ပြုလုပ်နေ သော်လည်း နှစ်ဘက်စလုံးက ၎င်းတို့၏လက်ရှိစာချုပ်ကိုဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း ပြောသည်။ တရုတ်၏ပြည်တွင်းဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် ရုရှားတွင် လျှပ်စစ်ဓာတ်အား ဈေးနှုန်းပိုမိုမြင့်မားနေခြင်းကြောင့် ရပ်ဆိုင်းမှုဖြစ်ပေါ်ခဲ့သည်ဟုဖော်ပြခဲ့သည်။InterRAO သည် ကာလရှည်စာချုပ်တစ်ခုအရ တရုတ်ကို အရှေ့ဖျားဒေသရှိ နိုင်ငံချင်း ဆက်သွယ် ထား သော ဓာတ်အားလိုင်းများမှတဆင့် ဓာတ်အားပေးပို့နေခြင်းဖြစ်သည်။



