ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပင်ရဲလှကျေးရွာရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် (၉) ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၄၇၈ သိန်းကို ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ချေးပေးခဲ့သည်။ ယင်းထုတ်ချေးမှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ အသင်းသား/သူ စုစုပေါင်း ၅၆ ဦး ပါဝင်ပြီး၊ အဆိုပါစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်ကာ ကျေးလက်နှင့်မြို့ပြ ကွာဟမှုကျဉ်းမြောင်းစေရန်နှင့် ဆင်းရဲမှုလျှော့ချရန် ရည်ရွယ်ချက်များဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မိုးညှင်းမြို့နယ် ပင်ရဲလှကျေးရွာ၌ (၉) ကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၄၇၀ ကျော် ထုတ်ချေး
Jan 18 • 5:14 AM
မြန်မာ
ကချင်
မျှဝေမည်
| 12 | 0 | 0 | 0 |


